

Loading...



Photo Credit:Warso Moe Oo’s Facebook,CRD-Myanmarload

UNICODE

Anni နေ့မှာ တစ်ယောက်တစ်နေရာဆီရောက်နေတာကြောင့် video call လေးနဲ့ပဲ အလွမ်းသည်နေကြတဲ့ ဝါဆိုမိုးဦးတို့စုံတွဲ

ပရိသတ်ကြီးရေ သရုပ်ဆောင်မင်းသမီးချောလေးတစ်ယောက်ဖြစ်တဲ့ ဝါဆိုမိုးဦးကတော့ ဗီဒီယိုဇာတ်ကားတွေ ရုပ်ရှင်ဇာတ်ကားကြီးတွေအများအပြားရိုက်ကူးခဲ့ပြီး ပရိသတ်တွေအားပေးချစ်ခင်ရတဲ့ အနုပညာရှင်တစ်လက်ဖြစ်သလို အဆိုတော်ဖြိုးလေးကလည်း လူငယ်တွေကြိုက်နှစ်သက်ရတဲ့ တေးသံရှင်တစ်ယောက်ဖြစ်ပါတယ်။

ဝါဆိုမိုးဦးနဲ့ဖြိုးလေးတို့က တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ကြပြီး နားလည်မှုတွေအပြန်အလှန်ထားရှိကြကာ အေးချမ်းတဲ့Relationship လေးပဲဖြစ်ပါတယ်။ဝါဆိုတို့နှစ်ယောက်လုံးက အနုပညာရှင်တွေဖြစ်ကြတာကြောင့် အနုပညာအလုပ်နဲ့ပက်သက်ရင်လည်း အကြံဉာဏ်တွေပေးကြပြီး အပြန်အလှန်ကူညီကြတာဖြစ်ပါတယ်နော်။

မကြာသေးခင်ရက်တွေကမှ ဝါဆိုတို့စုံတွဲက မိသားစုတွေနဲ့အတူ စင်ကာပူကိုခရီးထွက်ခဲ့ကြပြီး ပျော်ပျော်ရွှင်ရွှင်လည်ပတ်ခဲ့ကြပါတယ်။အခုဆိုရင်တော့ နှစ်ယောက်လုံးပြန်လည်ရောက်ရှိနေပြီး လုပ်စရာရှိတဲ့အလုပ်တွေကိုလုပ်ဆောင်နေကြပါတယ်။ဝါဆိုမိုးဦးတို့ရဲ့ နှစ်ပတ်လည်နေ့လေးမှာ တစ်ယောက်တစ်နေရာစီရောက်နေကြတာဖြစ်လို့ video call လေးနဲ့ပဲ အလွမ်းသည်နေကြတဲ့ ပုံရိပ်လေးကို ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Loading...

Written by 

Leave a Reply

Your email address will not be published. Required fields are marked *