ထိမိပြင်းရှလွန်းတဲ့ စွဲမက်ဖွယ်အလှတရားတွေနဲ့ ဆွဲဆောင်မှုရှိရှိ ညို့ယူဖမ်းစားလိုက်ပြန်တဲ့ နေခြည်ဦး


Loading...



credit – myanamrload
unicode

သရုပ်ဆောင် မင်းသမီးချောလေး နေခြည်ဦးကတော့ “ရန်သူ” ဆိုတဲ့ ပထမဆုံးရုပ်ရှင်ဇာတ်ကားကြီးနဲ့တင် ပရိသတ်တွေရဲ့လက်ခံအားပေးမှုကို ရရှိလာခဲ့တာ ဖြစ်ပါတယ်။ Beauty Blogger အဖြစ်ကနေ လူသိများအောင်မြင်ခဲ့ပြီးနောက်ပိုင်းမှာ သရုပ်ဆောင်ဘက်ကိုဦးစားပေးလုပ်ကိုင်လာခဲ့တဲ့ နေခြည်ဦးက အခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ကြော်ငြာတွေအပြင် ဇာတ်လမ်းတွဲလေးတွေပါ လက်ခံရိုက်ကူးလာရပြီပဲ ဖြစ်ပါတယ်။

မကြာခင်မှာလည်း နေခြည်ဦးကိုယ်တိုင် ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ ” အခမ်းအနားဆုံး မေတ္တာ” ရုပ်ရှင်ဇာတ်ကားကြီးက ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့အောက်တိုဘာလ (၉) ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ” အခမ်းအနားဆုံးမေတ္တာ” ရုပ်ရှင်ဇာတ်ကားရဲ့ Red Carpet Show ပွဲကိုလည်း နေခြည်ဦးက ရွှေရောင်ဝတ်စုံနဲ့ ခမ်းနားလှပစွာဝတ်ဆင်ပြီး တက်ရောက်ခဲ့ပါတယ်။

စူးရှတောက်ပတဲ့ ညို့မျက်ဝန်းတွေနဲ့အတူ ရင်ခုန်စွဲမက်ချင်စရာကောင်းလောက်အောင် အလှတွေပိုနေတဲ့ နေခြည်ဦးကတော့ ယုံကြည်မှုအပြည့်နဲ့ ပေါ်လွင်လှပနေခဲ့တာ ဖြစ်ပါတယ်။ ရွှေရောင်ဝတ်စုံလေးနဲ့ လိုက်ဖက်ညီလွန်းနေတဲ့ နေခြည့်ရဲ့အလှပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေက အချစ်ပိုနေကြတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် တစ်နေ့တစ်ခြား အလှတွေတိုးလာတဲ့ နေခြည်ဦးရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Loading...

Written by 

Leave a Reply

Your email address will not be published. Required fields are marked *